Sunday 13 December 2009

Human right

Article 1.
All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
အပိုဒ် ၁
လူသားတိုင်းသည် လွတ်လပ်၍ တန်းတူညီသော ဂုဏ်သက္ခာ နှင့် အခွင့်အရေးများဖြင့် မွေးဖွားလာသူများ ဖြစ်သည်။ ထိုလူသား တို့သည် ဆင်ခြင်တုံတရားနှင့် ကျင့်ဝတ် ကို တာဝန်သိတတ်သော စိတ်တို့ရှိကြ၍ တစ်ဦးနှင့်တစ်ဦး ညီရင်းအကို မောင်ရင်းနှမ စိတ် ဖြင့်ဆက်ဆံသင့်သည်။

Article 2.
Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, colour, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the basis of the political, jurisdictional or international status of the country or territory to which a person belongs, whether it be independent, trust, non-self-governing or under any other limitation of sovereignty.
အပိုဒ် ၂
လူသားတိုင်း ဤအခွင့်အရေးကြေငြာစာတမ်း တွင် ဖော်ပြထားသည့် အခွင့်အရေးများအားလုံး၏ လွတ်လပ်ခွင့်များအားလုံး ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေးအယူအဆ သို့မဟုတ် အခြားယူဆချက် နိုင်ငံရေး သို့မဟုတ် လူမှုရေး ဇစ်မြစ်၊ပစ္စည်းဥစ္စာ၊ မျိုးရိုးဇာတိ၊ အခြားအဆင့်အတန်းအားဖြင့် ခွဲခြားခြင်း မရှိစေရ။ ထိုပြင် လူသားတစ်ဦးမှီတင်းနေထိုင်ရာ နိုင်ငံ သို့မဟုတ် နယ်မြေဒေသ သည် လွတ်လပ်သော တိုင်းပြည်သည် အချုပ်အချာအဏာပိုင်သော လွတ်လပ်သော နိုင်ငံ သို့မဟုတ် ဒေသဖြစ်စေ၊ အစောင့်အရှောက်ခံနယ်မြေ သို့မဟုတ် ဒေသ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ရေးမရှိသော နိုင်ငံ သို့မဟုတ် ဒေသဖြစ်စေ သို့မဟုတ် အချုပ်အချာ အဏာ နှင့် ပတ်သက်၍ အခြားသော ဘောင်သွင်း ကန့်သတ်ချက်များရှိနေသော နိုင်ငံ သို့မဟုတ် ဒေသဖြစ်စေ၊ ယခု လူ့အခွင့်အရေးများ နှင့် ပတ်သက်၍ခွဲခြားမှု လုံးဝမရှိစေရ။

Article 3.
Everyone has the right to life, liberty and security of person.
အပိုဒ် ၃
လူတိုင်းတွင် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံခွင့် ရှိသည်။

Article 4.No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.
အပိုဒ် ၎
ဘယ်သူ့ကိုမှကျွန်ပြုခြင်း ၊ အစေအပါးအဖြစ် နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ။ လူသားတို့ကို ကျေးကျွန်သဖွယ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်း နှင့် ထိုသဘော သက်ရောက်စေသော ပုံစံမှန်သမျှ ပိတ်ပင်တားမြစ် ရမည်။

Article 5.
No one shall be subjected to torture or to cruel, inhuman or degrading treatment or punishment.
အပိုဒ် ၅
မည်သူ့ကိုမျှနှိပ်စက်ညှင်းပန်းခြင်း၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံခြင်း ဖြင့် မဆက်ဆံ ရ။ အပြစ်ပေးခြင်း မပြုရ။

Article 6.
Everyone has the right to recognition everywhere as a person before the law. အပိုဒ် ၆
လူတိုင်းနေရာမရွေး ဥပဒေရှေ့မှောက်တွင် လူသားအဖြစ် အသိအမှတ်ပြုခြင်း ခံပိုင်ခွင့် ရှိသည်။

Article 7.
All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination.
အပိုဒ် ၇
လူတိုင်းတရားဥပဒေရှေ့မှောက်တွင် တပြေးညီတူညီကြပြီး တရားဥပဒေ၏ ကွယ်ကာခြင်း ကို ခွဲခြားခြင်းမရှိ တူညီမှုအပြည့်စောင့်ရှောက်ခံပိုင်ခွင့်ရှိသည်။ ဤကြေငြာ စာတမ်းပါအချက်များ ကို ဖီဆန် ဆန့်ကျင့်သည့် မည်သည့်ခွဲခြားမှုမျိုး သို့မဟုတ် ထိုသို့ခွဲခြားမှု များ ကိန်းအောင်းစေအောင် လှုံ့ဆော်မှုမျိုး မှ ကင်းလွတ်စေ ရန် အကာအကွယ် ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။

Article 8.
Everyone has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.
အပိုဒ် ၈
လူတိုင်း မိမိတို့အား အခြေခံဥပဒေ သို့မဟုတ် ဥပဒေအရ အပ်နှင်းထားသော အခြေခံအခွင့်အရေး ကို ချိုးဖောက်ခံသည့်အခါ နိုင်ငံတော်တရားရင်စီ ရုံးတွင် ထိရောက်သော အရေးယူကုစားမှုများ ခံယူပိုင်ခွင့်ရှိသည်။

Article 9.
No one shall be subjected to arbitrary arrest, detention or exile.
အပိုဒ် ၉
မည်သူ့ကိုမျှ တရားလက်လွတ် အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ထိမ်းသိမ်း ချုပ်နှောင်ထားခြင်း ၊ သို့မဟုတ် တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုရ။

Article 10.Everyone is entitled in full equality to a fair and public hearing by an independent and impartial tribunal, in the determination of his rights and obligations and of any criminal charge against him.
အပိုဒ် ၁၀လူတစ်ယောက်၏ အခွင့်အရေး နှင့် တာဝန်ဝတ္တရားများ နှင့်ပတ်သက်၍ လည်းကောင်း၊ စွဲချက်တင်လာသော ပြစ်မှုများနှင့်ပတ်သက်၍ လည်းကောင်း အဆုံး အဖြတ်ခံယူရာတွင် လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားစီရင်မှုရုံးတွင် လူအများတက်ရောက်ကြားနာနိုင်သော စစ်ဆေးမှုမျိုးကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

Article 11.
(1) Everyone charged with a penal offence has the right to be presumed innocent until proved guilty according to law in a public trial at which he has had all the guarantees necessary for his defence.
(2) No one shall be held guilty of any penal offence on account of any act or omission which did not constitute a penal offence, under national or international law, at the time when it was committed. Nor shall a heavier penalty be imposed than the one that was applicable at the time the penal offence was committed.
အပိုဒ် ၁၁
(က) တရားဥပဒေချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် မိမိကိုယ်မိမိကာကွယ်နိုင်ရန် လိုအပ်သော ဆောင်ရွက်စရာများ ကို ဆောင်ရွက်နိုင်ခွင့်အပြည့်အဝရှိပြီး လူအများရှေ့တွင် တရားဥပဒေအတိုင်း စစ်ဆေး၍ အပြစ်ကျူံးလွန်သည်ဟုထင်ရှားပြီး စီရင်ချက် အတိအကျ မချမချင်း ထိုသူတွင် အပြစ်မရှိ ခံယူပိုင်ခွင့် ရှိသည်။
(ခ) တစ်စုံတစ်ယောက်၏ လုပ်ဆောင်ခဲ့သော အပြုအမူနှင့် စပ်လျဉ်း၍ ထိုအပြုအမူ ပြုခဲ့စဉ် အချိန်အခါက ထုတ်ပြန်ထားသော နိုင်ငံတော် သို့မဟုတ် နိုင်ငံတကာ ဆိုင်ရာဥပဒေအရ ငြိစွန်းသော ပြစ်မှုတစ်ခုအဖြစ် ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ခဲ့လျှင် ထိုသူအား အဆိုပါအပြုအမူ အတွက် အပြစ် ရှိသည် ဟု မယူဆနိုင်။ ထိုအတူ ကျူံးလွန်သောပြစ်မှု အတွက် ပြစ်မှုကျူံးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော ပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော အပြစ်ဒဏ်ပေးခြင်းမရှိစေရ။

Article 12.No one shall be subjected to arbitrary interference with his privacy, family, home or correspondence, nor to attacks upon his honour and reputation. Everyone has the right to the protection of the law against such interference or attacks.
အပိုဒ် ၁၂
မည်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ မိသားစုနှင့်သက်ဆိုင်သောကိစ္စများ၊ နေအိမ်နှင့် စာပေးစာယူ ကိစ္စများတို့ကို မှ ဥပဒေအရ မဟုတ်သော ဝင်ရောက် စွက်ဖက်မှု မခံစေရ။ ထိုပြင် ထိုသူ၏ ဂုဏ်သိက္ခထိခိုက် ပုတ်ခတ်ပိုင်ခွင့်မရှိ။ လူတိုင်းတွင် ထိုသို့စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခံရခြင်း သော်လည်းကောင်း ၊ ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

Article 13.
(1) Everyone has the right to freedom of movement and residence within the borders of each state.
( 2) Everyone has the right to leave any country, including his own, and to return to his country.
အပိုဒ် ၁၃
(၁) လူတိုင်း မိမိတိုင်းပြည်၏ နယ်နမိတ်အပိုင်းအခြားအတွင်း လွတ်လပ်စွာ သွားလာရွေ့ပြောင်း ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းမိမိတိုင်းပြည်အပါအဝင်၊ အခြားမည်သည့်တိုင်းပြည်ကိုမဆို ထွက်ခွာခွင့် နှင့် မိမိတိုင်းပြည် သို့ ပြန်လာခွင့် ရှိသည်။

Article 14.(1) Everyone has the right to seek and to enjoy in other countries asylum from persecution.
(2) This right may not be invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary to the purposes and principles of the United Nations.

အပိုဒ် ၁၄
(၁) လူတိုင်း မတရားအပြစ်ပေးနှိပ်စက်မှု မှလွတ်မြောက်ရန် အခြားတိုင်းပြည်များတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေး နှင့် မသက်ဆိုင်သော ပြစ်မှုမျိုး၊ သို့မဟုတ် ကုလသမဂ္ဂ၏ ရည်မှန်းချက်၊ မူဝါဒများ ကို ဖီဆန်ဆန့်ကျင်သော ပြစ်မှုမျိုးကို အမှန်တကယ် ကျူံးလွန် သောကြောင့် အကျိုးအဆက်ဖြင့်ပေါ်ပေါက်လာသော အရေးယူမှုမျိုးဖြစ်ပါက ဤအပိုဒ်ပါ အခွင့်အရေး နှင့် အကြုံးဝင်မှု မရှိပေ။

Article 15.
(1) Everyone has the right to a nationality.
(2) No one shall be arbitrarily deprived of his nationality nor denied the right to change his nationality.
အပိုဒ် ၁၅
(၁) လူတိုင်း နိုင်ငံတစ်နိုင်ငံ ၏ နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိသည်။
(၂) မည်သူ့ကိုမျှ ၎င်း၏ နိုင်ငံဖြစ်မှု မှ ကျိုးကြောင်းမဲ့ ပစ်ပယ်ခွင့်မရှိစေရ။ ထိုသူ၏ နိုင်ငံသား အဖြစ် ပြောင်းလဲပိုင်ခွင့်ကို လည်း ငြင်းပယ်ခြင်း မရှိစေရ။

Article 16.
(1) Men and women of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage, during marriage and at its dissolution.
(2) Marriage shall be entered into only with the free and full consent of the intending spouses.
(3) The family is the natural and fundamental group unit of society and is entitled to protection by society and the State.
အပိုဒ် ၁၆
(၁) အရွယ်ရောက်ပြီးသော အမျိုးသား နှင့်အမျိုးသမီးတိုင်း သည် လူမျိုး၊တိုင်းရင်းသား၊ သို့မဟုတ် ဘာသာရေးအကြောင်းပြု၍ ချုပ်ချယ်ကန့်သပ်ခြင်း မရှိစေရဘဲ လက်ထပ်ခွင့် နှင့် မိသားစု ထူထောင်ပိုင်ခွင့် ရှိသည်။ လက်ထပ်ထိမ်းမြားချိန်၊ ပေါင်းသင်းချိန် နှင့် အိမ်ထောင်ပြိုကွဲသည့်အချိန်များတွင် လက်ထပ်ထိမ်းမြား ခြင်း နှင့် ပတ်သက် ၍ ထို အမျိုးသား နှင့် အမျိုးသမီး တို့တွင် တူညီသော အခွင့်အရေးများရှိကြသည်။
(၂) ရည်ရွယ်ထားသော သတို့သား နှင့် သတို့သမီး ၏ လွတ်လပ်သော သဘောဆန္ဒကို အပြည့်အဝ ရယူပြီး မှသာ လက်ထပ်ထိမ်းမြားခြင်းပြုရမည်။
(၃) မိသားစုဘဝသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော၊ အခြေခံကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မိသားစုဘဝများကို ကာကွယ်ပေးရန် လူ့အဖွဲ့အစည်းနှင့် အစိုးရ တို့က တာဝန်ရှိသည်။

Article 17.
(1) Everyone has the right to own property alone as well as in association with others.
(2) No one shall be arbitrarily deprived of his property.
အပိုဒ် ၁၇
(၁) လူတိုင်းသည် ဓနပစ္စည်းဥစ္စာများ ကို မိမိတစ်ဦးခြင်းဖြစ်စေ၊ အခြားသူများ နှင့် ဖက်စပ်၍ဖြစ်စေ ပိုင်ဆိုင်ခွင့် ရှိသည်။
(၂) မည်သူ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်း ကိုမျှ ဥပဒေအကြောင်းမဲ့ သိမ်းပိုက်ခြင်း မရှိစေရ။

Article 18.
Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief, and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.
အပိုဒ် ၁၈
လူတိုင်းလွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာခံယူရပ်တည်ပိုင်ခွင့် နှင့် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။ ဤလုပ်ပိုင်ခွင့်အရ မိမိကိုးကွယ်သော ဘာသာကိုသို့မဟုတ် သက်ဝင်ယုံကြည်ချက် လွတ်လပ်စွာ ပြောင်းလဲပိုင်ခွင့် ရှိသည်။ ထိုပြင် မိမိတစ်ဦးတည်းသော်လည်းကောင်း၊ အခြားသူများ နှင့် စုပေါင်း၍ သော်လည်းကောင်း အများရှေ့တွင်ဖြစ်စေ၊ သို့မဟုတ် မိမိသီးသန့်တွင်ဖြစ် မိမိကိုးကွယ်သည့် ယုံကြည်မှု သို့မဟုတ် ဘာသာကို လွတ်လပ်စွာ သင်ပြနိုင်ခွင့် ၊ကျင့်သုံးခွင့်၊ဝတ်ပြုကိုးကွယ်ခွင့် နှင့် တည်ဆောက်ခွင့် ရှိသည်။

Article 19.
Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.
အပိုဒ် ၁၉
လူတိုင်း လွတ်လပ်စွာထင်မြင်ယူဆပိုင်ခွင့် နှင့် လွတ်လပ်စွာ ဖွင့်ဟတင်ပြပိုင်ခွင့် ရှိသည်။ ထိုအခွင့်အရေးများအရ မိမိတင်ပြယူဆချက်များ ကို အနှောက်အယှက် အဟန့်အတားမရှိ ခံယူကျင့်သုံးပိုင်ခွင့် ရှိသည်။ နယ်မြေပိုင်းခြားမှုမရှိဘဲ သတင်းစာနယ်ဇင်းများ မှတဆင့် သတင်းများ၊ အယူအဆများကို ရှာဖွေဆည်းပူးပိုင်ခွင့် ၊လက်ခံပိုင်ခွင့် နှင့် ဖြန့်ဖြူးပိုင်ခွင့်တို့ရှိသည်။

Article 20.
(1) Everyone has the right to freedom of peaceful assembly and association.
(2) No one may be compelled to belong to an association.
အပိုဒ် ၂၀
(၁) လူတိုင်း ငြိမ်းချမ်းစွာ လူစုလူဝေး စုဝေးပိုင်ခွင့် နှင့် အသင်းအဖွဲ့များ ဖွဲ့စည်း ထူထောင်ဖွဲ့စည်းပိုင်ခွင့် ရှိသည်။ မည်သူ့ကိုမျှ ၎င်း၏ ဆန္ဒသဘောထား မပါဘဲ အဖွဲ့အစည်း တခုသို့ ဝင်စေရန် အတင်းအကြပ်မပြုရ။

Article 21.
(1) Everyone has the right to take part in the government of his country, directly or through freely chosen representatives.
(2) Everyone has the right of equal access to public service in his country.
(3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.
အပိုဒ် ၂၁
(က) လူတိုင်း မိမိတိုင်းပြည်၏ အုပ်ချုပ်ရေးလုပ်ငန်းတွင် တိုက်ရိုက်သော်လည်းကောင်း၊ လွတ်လပ်စွာရွေးချယ်တင်မြောက်ထားသည့်ကိုယ်စားလှယ်များမှတဆင့်သော်လည်းကောင်း၊ ပါဝင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
(ခ) လူတိုင်း မိမိတိုင်းပြည်အတွင်းရှိ ပြည်သူဝန်ထမ်းအဖွဲ့လုပ်ငန်းများတွင် ဝင်ရောက်နိုင်ရန် တူညီသော အခွင့်အလမ်းများ ရှိသည်။
(ဂ) အစိုးရ၏ အဏာသည် ပြည်သူလူထု၏ ဆန္ဒအပေါ်အခြေခံရမည်။ ပြည်သူ့ဆန္ဒများ ကို အချိန်ကာလပိုင်းခြားလျက် ကျင်းပပေး သည့် စစ်မှန်သောရွေးကောက် ပွဲများ ဖြင့် ဖော်ထုတ်စေရသည်။ ရွေးကောက်ပွဲများ တွင် လူတိုင်းအညီအမျှ မဲပေး နိုင်ခွင့် ရှိရမည့်အပြင် ထိုရွေးကောက်ပွဲ လျှို့ဝှက် မဲပေး စနစ် ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

Article 22.
Everyone, as a member of society, has the right to social security and is entitled to realization, through national effort and international co-operation and in accordance with the organization and resources of each State, of the economic, social and cultural rights indispensable for his dignity and the free development of his personality.
အပိုဒ် ( ၂၂ )
လူသားတိုင်း သည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တယောက်ဖြစ်သည့် အားလျော်စွာ လူမှုရေးလုံခြုံခွင့် ခံစားပိုင်ခွင့်ရှိသည်။ ထိုပြင် မိမိ၏ ကိုယ်ပိုင် အရည်အသွေးနှင့် ဂုဏ်သိက္ခ တို့ကို လွတ်လပ်စွာ တိုးတက်ဖွံ့ဖြိုး စေရေးအတွက် မလွဲမသွေလိုအပ်သော စီးပွားရေး၊လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး သဘောပေါက်ခံယူနိုင်ရန် အခွင့်အရေးများ ရှိရမည်။ ထိုသို့သဘောပေါက်ခံယူနိုင်ရန် မိမိနိုင်ငံ၏ ဖွဲ့စည်းပုံ၊ နိုင်ငံရှိ အရင်းအမြစ် အင်အားများ နှင့် လိုက်လျော ညီထွေ ဖြစ်သည့်နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့်တမျိုး၊ နိုင်ငံတကာ ၏ ပူပေါင်းဆောင်ရွက်မှုဖြင့်တဖုံ ဆောင်ရွက်ရမည်။

Article 23.
(1) Everyone has the right to work, to free choice of employment, to just and favourable conditions of work and to protection against unemployment.
(2) Everyone, without any discrimination, has the right to equal pay for equal work.
(3) Everyone who works has the right to just and favourable remuneration ensuring for himself and his family an existence worthy of human dignity, and supplemented, if necessary, by other means of social protection.
(4) Everyone has the right to form and to join trade unions for the protection of his interests.
အပိုဒ် (၂၃)
(က) လူတိုင်းအလုပ်လုပ်ခွင့် ၊ မိမိအလုပ်ကိုမိမိလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် နှင့် တရားမျှတ ၍ သင့်လျော်သော လုပ်ငန်းခွင်ကို ရွေးချယ် ခွင့် နှင့် အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ ကာကွယ်မှု ရရှိခွင့်များ ခံစား ပိုင်ခွင့် ရှိသည်။
(ခ) လူတိုင်း ခွဲခြားမှုမရှိဘဲ တူညီသော အလုပ်အတွက်တူညီ အခကြေးငွေ ကို ရရှိခံစားပိုင်ခွင့် ရှိသည်။
(ဂ) အလုပ်လုပ် သည့် လူတိုင်း မိမိ နှင့် မိမိ ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီညွတ်အောင် နေထိုင် စားသောက်နိုင်ရန် စိတ်ချလောက်သည့် အပြင် တရားမျှတ၍ သင့်တင့်လျောက်ပတ်သော လစာ ခံစားပိုင်ခွင့် ရှိသည်။ လိုအပ်ပါက အခြားနည်းလမ်းများ မှ လူမှုရေးအထောက်အပံ့များကိုလည်း ထပ်မံ၍ ရပိုင်ခွင့် ရှိသည်။
(ဃ) လူတိုင်း မိမိ အကျိုးစီးပွား ကို ကာကွယ် ရန် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းပိုင်ခွင့် နှင့် ဝင်ရောက်ပိုင် ခွင့် ရှိသည်။

Article 24.
Everyone has the right to rest and leisure, including reasonable limitation of working hours and periodic holidays with pay.
အပိုဒ် ၂၄
လူတိုင်း သင့်တင့် လျောက်ပတ်သော အလုပ်ချိန်အပြင် အခါအားလျော်စွာ သတ်မှတ်ထားသော လစာ နှင့် ခွင့်ယူခွင့် အပါအဝင် အပန်းဖြေအနားယူ ခွင့် ရှိသည်။

Article 25.
(1) Everyone has the right to a standard of living adequate for the health and well-being of himself and of his family, including food, clothing, housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability, widowhood, old age or other lack of livelihood in circumstances beyond his control.
(2) Motherhood and childhood are entitled to special care and assistance. All children, whether born in or out of wedlock, shall enjoy the same social protection.

အပိုဒ် ၂၅
(က) လူတိုင်း သည် မိမိ နှင့် မိမိ၏ မိသားကျန်းမာရေး နှင့် တကွ ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် လိုအပ်သော အစားအစာ၊ အဝတ်အစား၊အိုးအိမ်၊ ဆေးဝါးပစ္စည်း နှင့် အခြားလိုအပ်သော လူမှုရေးအထောက်အပံ့များ ပါဝင်သော သင့်တင့်လျောက်ပတ်သည့် လူမှုအဆင့်အတန်း ကို ရယူခံစားခွင့် ရှိသည်။ ထိုအပြင် အလုပ်လက်မဲ့ဖြစ်သည့် အခါတွင် လည်းကောင်း၊ မကျန်းမမာ ဖြစ်သည့်အခါတွင်လည်းကောင်း၊ ကိုယ်လက်အင်္ဂါမစွမ်းမသန် ဖြစ်သောအခါတွင်လည်းကောင်း မိမိခင်ပွန်း သို့မဟုတ် ဇနီးသေဆုံးသွားသော အခါတွင်လည်းကောင်း၊ အသက်အရွယ်အိုမင်းလာသည် အခါတွင် လည်းကောင်း၊ မိမိပယောဂကြောင့်မဟုတ်သော အလုပ်အကိုင်မဲ့ခြင်းကို ရင်ဆိုင်ရသောအခါ တွင်လည်းကောင်း၊ နေထိုင်စားသောက်ရေး အတွက် လုံခြုံစိတ်ချမှု အခွင့်အရေးခံစား ပိုင်ခွင့် ရှိသည်။
(ခ) မိခင်များ နှင့် ကလေးငယ်များကို အထူးစောင့်ရှောက်ခြင်း နှင့် အကူအညီပေး ခြင်း တို့ကို ပေးရမည်။ တရားဝင်လက်ထပ်ထိမ်းမြားပြီး မွေးလာသော ကလေးဖြစ်စေ၊ တရားမဝင် မွေးလာသော ကလေး ဖြစ်စေ တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေး ကိုခံစား ပိုင်ခွင့် ရှိသည်။

Article 26.
(1) Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.
(2) Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.
(3) Parents have a prior right to choose the kind of education that shall be given to their children.
အပိုဒ် ၂၆
(က) လူတိုင်း ပညာသင်ကြားပိုင်ခွင့် ရှိသည်။ အနည်းဆုံးမူလတန်းပညာ နှင့် အခြေခံအဆင့် ပညာရေးသည် အခမည့် ဖြစ်စေရမည်။ မူလတန်းပညာ သည် မသင်မနေရ ဖြစ်ရမည်။ စက်မှုလက်မှု ပညာ နှင့်အသက်မွေးဝမ်းကျောင်းပညာများ ကို ယေဘူယျအားဖြင့် လူအများသင်ကြား ပိုင်ခွင့် ရှိရသည်။ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာများ ကို အရည်အချင်းအပေါ်မူတည်၍ သင်ကြားနိုင်ရန် တူညီသော အခွင့်အရေး ရှိစေရမည်။
(ခ) ပညာရေး ကို လူသားတို့၏ ကိုယ်ပိုင်အရည်အသွေးများတိုးတက် ဖြစ်ပေါ်ပြည့်ဝလာစေရန်နှင့် လူ့အခွင့်အရေး အခြေခံလွတ်လပ်ခွင့်များ ကို လေးစားမှုပိုကဲလာစေရန် ဦးတည်ထားရမည်။ ပညာရေးသည် တနိုင်ငံ နှင့် တနိုင်ငံ၊ လူမျိုး တမျိုး နှင့် တမျိုး ၊ဘာသာရေး အသင်းအဖွဲ့တဖွဲ့ နှင့် တဖွဲ့ အကြား နားလည်မှု၊သဘောထားကြီးမှု၊ ချစ်ခင်ရင်းနှီးမှုတို့ တိုးတက်ဖြစ်ပေါ်လာစေရန် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတည်တံ့စေရန် ကုလသမဂ္ဂ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများ အစွန့်ရှည်စေရန် ဆောင်ကျဉ်းနိုင် ရမည်။
(ဂ) မိဘများသည် မိမိတို့၏ ရင်သွေးများ သင်ယူရမည့် ပညာ အမျိုးအစား ကို ရွေးချယ် နိုင်သော လက်ဦး အခွင့်အရေး ရှိသည်။

Article 27.
(1) Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.
(2) Everyone has the right to the protection of the moral and material interests resulting from any scientific, literary or artistic production of which he is the author.
အပိုဒ် ၂၇
(က) လူတိုင်းသည် လူမှုအဖွဲ့အစည်း၏ ယဉ်ကျေးမှု ဘဝတွင်လွတ်လပ်စွာ ပါဝင်ခွင့်၊အနုပညာသုခုမပညာရပ်များ ကို လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုးအမြတ် ကို လွတ်လပ်စွာ ခံစား သုံးစွဲပိုင်ခွင့် ရှိသည်။
(ခ) လူတိုင်းသည် မိမိကိုယ်ပိုင်ညဏ်ဖြင့် ကြံစည်ဖန်တီးမှု မှ ဖြစ်ထွန်းလာသော အသိပညာဆိုရာတွင် တီထွင်မှု၊ စာပေဆိုင်ရာ သို့မဟုတ် အနုပညာ ဆိုင်ရာဖန်တီးမှုများတို့၏ ဂုဏ် နှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးအမြတ်များ ကို ခံစားရယူ နိုင်ရန် အတွက် ကာကွယ်မှုများ ရရှိပိုင်ခွင့် ရှိသည်။
Article 28.
Everyone is entitled to a social and international order in which the rights and freedoms set forth in this Declaration can be fully realized.
အပိုဒ် ၂၈
လူတိုင်း ဤစာတမ်းတွင် ဖော်ပြထား သည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့် များ ကို အပြည့်အဝ အလေးထားအသိအမှတ် ပြုသော လူမှုဆက်ဆံရေး အခြေအနေ နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူး ကိုခံစား ပိုင်ခွင့်ရှိသည်။

Article 29.
(1) Everyone has duties to the community in which alone the free and full development of his personality is possible.
(2) In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of others and of meeting the just requirements of morality, public order and the general welfare in a democratic society.
(3) These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.
အပိုဒ် ၂၉
(က) လူသားတိုင်းသည် မိမိကိုယ်ပိုင် အရည်အသွေးကို တိုးတက်ဖြစ်ပေါ်ပြည့်ဝ လာအောင် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်မှု ကို ပေးသော လူ့ဘောင်အားပြန်လည်ပေးဆပ်ရန် တာဝန် ဝတ္တရား ရှိသည်။
(ခ) လူတဦးတယောက် သည် မိမိ၏ အခွင့်အရေး နှင့် လွတ်လပ်မှုကို ရယူရာတွင် အခြားသူများ၏ အခွင့်အရေး နှင့် လွတ်လပ်ခွင့် များကို ထိုက်ထိုက်တန်တန် အသိအမှတ်ပြုလေးစားရမည်။ ဒီမိုကရေစီထွန်းကားသော လူ့အဖွဲ့အစည်း တွင် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စည်းကမ်းသေဝပ်မှုရှိရေး နှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာ ကျင့်ဆောင်နိုင်ရန် အတွက် ရည်ရွယ် ၍ ဥပဒေ အရ ပြငှာန်းထားသော ကန့်သတ်ချက် မျိုးတို့ကို လူတိုင်း လိုက်နာ ရမည်။
(ဂ) ဤအခွင့် အရေးများ နှင့် လွတ်လပ်ခွင့် များ ကို ကမ္ဘာ့ ကုလသမဂ္ဂ ၏ ရည်မှန်းချက် နှင့် အခြေခံမူ များအား ဆန့်ကျင့် သော ကိစ္စရပ်များ တွင် ရယူကျင့်သုံးပိုင်ခွင့် မရှိစေရ။

Article 30.
Nothing in this Declaration may be interpreted as implying for any State, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set forth herein.
အပိုဒ် ၃၀
ဤစာတမ်းပါအခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များ ကို ဖျက်လိုဖျက်ဆီး ဖြစ်စေမည့် လုပ်ငန်းလုပ်ရပ်များ အား မည်သည့် နိုင်ငံ၊ မည်သည်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ် ကမှ ကိုယ်တိုင် လုပ်ဆောင်ခွင့်၊ ပါဝင်လုပ်ဆောင်ခွင့် မရှိကြောင်း ဤကြေညာစာတမ်း က အတိအလင်း ကြေညာ သည်။

Stephen Khie Lei