Friday 28 January 2011

NLD ရပ်တည်ရေး ပလပ်ခံရ

NLD ရပ်တည်ရေးအမှု ပလပ်ခံရ
သဲသဲ သောကြာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက် ရပ်တည်ရေး အထူးအယူခံကို ဝင်ခွင့်မပြုဘဲ ပလပ်လိုက်သည်ဟု နေပြည်တော် တရားရုံးချုပ်က ယနေ့ အမိန့်ချလိုက်သည်။နောက်ဆုံးအဆင့် အထူးအယူခံကို NLD က တင်သွင်းခဲ့ရာ ဇန်နဝါရီ ၁၃ ရက်နေ့တွင် လက်ခံခဲ့ကာ၊ ၂၄ ရက်နေ့တွင် နှစ်ဖက်ကြားနာမှုများ ပြုခဲ့ပြီးနောက် ပလပ်ကြောင်း ယနေ့ အမိန့်ချခြင်း ဖြစ်သည်။“ကျနော်တို့က တရားစီရင်ရေးဥပဒေ ပုဒ်မ ၇ နဲ့ အထူး အယူခံဝင်ခွင့်ပေးဖို့ လျှောက်ထားတဲ့ လျှောက်လွှာပေါ့။ အဲဒီ့လျှောက်ထားတဲ့ လျှောက်လွှာကို ပြီးခဲ့တဲ့အပတ် ၂၄ ရက်နေ့က လျှောက်လဲချက် တင်တယ်။ တင်ပြီးတော့ ဒီနေ့ အထူးအယူခံဝင်ခွင့် မပြုဘူးဆိုပြီး ပလပ်လိုက်တယ်ပေါ့’’ ဟု NLD ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။
သို့သော် ဥပဒေပုဒ်မ ၈ အရ နိုင်ငံတော် တရားသူကြီးချုပ်ထံ အယူခံတင်ခွင့် ရှိသေးသည်။တရားဝင် ပါတီဆက်ရပ်ခွင့် အလားအလာ နည်းသွားခြင်းကား စစ်ခေါင်းဆောင်များနှင့် အဓိက အတိုက်အခံ အင်အားစုကြီးအကြား ပေါင်းကူး ဆက်ဆံမှု ဖြစ်ထွန်းလာရေးကို ထိခိုက်သွားစေသည်။ဦးကျော်ဟိုးက “ကျနော်တို့ကတော့ တင်ခွင့်ရှိတယ်ပေါ့။ တင်တော့ တရားသူကြီးက သူ့လုပ်ပိုင်ခွင့်အရ ဒါ သူ့ဟာသူ ချင့်ချိန်မှာပေါ့။ တရားသူကြီးချုပ်ဆီကို တိုက်ရိုက်တင်ရမှာ။ ဥပဒေပြဋ္ဌာန်းချက်မှာတော့ ရှိသေးတယ်ပေါ့လေ။ ဆက်လုပ်ဖို့ မလုပ်ဖို့ကတော့ ဘာမှတော့ မတိုင်ပင်ရသေးဘူး’’ ဟု ဆိုသည်။ယနေ့ စီရင်ချက်ချမည့်အကြောင်း ရန်ကုန်တရားရုံးချုပ်က ယခုလ ၂၆ ရက်နေ့တွင် ကြိုတင်အသိပေး စာရင်းဖြင့် ကြေညာခဲ့သဖြင့် နေပြည်တော်သို့ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကျော်ဟိုးနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်တို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံခြင်း မပြုတော့သဖြင့် ပါတီတရားဝင်မှု ပျက်ပြယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ယင်းသို့ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ရှိခွင့် ရှိကြောင်း အယူခံတင်သွင်းမှုများ အဆင့်ဆင့်ပြုလုပ်ခဲ့သည်။ နေပြည်တော် တရားရုံးချုပ်ကလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ပယ်ချခဲ့ရာမှ အထူးအယူခံ ပြန်တင်ခဲ့သဖြင့် ပြန်လည်လက်ခံခဲ့ခြင်း ဖြစ်သည်။NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်များက လွှတ်တော်ခေါ်ပေးခြင်း မရှိခဲ့ပါ။သို့သော် ၎င်းတို့ ဦးစီးကျင်းပခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ယခုလ ၃၁ ရက်နေ့တွင် လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပမည်ဟု ကြေညာခဲ့သည်။သဲသဲ သောကြာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက် ရပ်တည်ရေး အထူးအယူခံကို ဝင်ခွင့်မပြုဘဲ ပလပ်လိုက်သည်ဟု နေပြည်တော် တရားရုံးချုပ်က ယနေ့ အမိန့်ချလိုက်သည်။နောက်ဆုံး
အဆင့် အထူးအယူခံကို NLD က တင်သွင်းခဲ့ရာ ဇန်နဝါရီ ၁၃ ရက်နေ့တွင် လက်ခံခဲ့ကာ၊ ၂၄ ရက်နေ့တွင် နှစ်ဖက်ကြားနာမှုများ ပြုခဲ့ပြီးနောက် ပလပ်ကြောင်း ယနေ့ အမိန့်ချခြင်း ဖြစ်သည်။“ကျနော်တို့က တရားစီရင်ရေးဥပဒေ ပုဒ်မ ၇ နဲ့ အထူး အယူခံဝင်ခွင့်ပေးဖို့ လျှောက်ထားတဲ့ လျှောက်လွှာပေါ့။

အဲဒီ့လျှောက်ထားတဲ့ လျှောက်လွှာကို ပြီးခဲ့တဲ့အပတ် ၂၄ ရက်နေ့က လျှောက်လဲချက် တင်တယ်။
တင်ပြီးတော့ ဒီနေ့ အထူးအယူခံဝင်ခွင့် မပြုဘူးဆိုပြီး ပလပ်လိုက်တယ်ပေါ့’’ ဟု NLD ၏ အကျိုးဆောင်
ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။ သို့သော် ဥပဒေပုဒ်မ ၈ အရ နိုင်ငံတော် တရားသူကြီးချုပ်ထံ အယူခံတင်ခွင့် ရှိသေးသည်။တရားဝင် ပါတီဆက်ရပ်ခွင့် အလားအလာ နည်းသွားခြင်းကား စစ်ခေါင်း ဆောင်များနှင့် အဓိက အတိုက်အခံ အင်အားစုကြီးအကြား ပေါင်းကူး ဆက်ဆံမှု ဖြစ်ထွန်းလာရေးကို ထိခိုက်သွားစေသည်။ဦးကျော်ဟိုးက “ကျနော်တို့ကတော့ တင်ခွင့်ရှိတယ်ပေါ့။

တင်တော့ တရားသူကြီးက သူ့လုပ်ပိုင်ခွင့်အရ ဒါ သူ့ဟာသူ ချင့်ချိန်မှာပေါ့။ တရားသူကြီးချုပ်ဆီကို တိုက်ရိုက်တင်ရမှာ။ ဥပဒေပြဋ္ဌာန်းချက်မှာတော့ ရှိသေးတယ်ပေါ့လေ။ ဆက်လုပ်ဖို့ မလုပ်ဖို့ကတော့ ဘာမှတော့ မတိုင်ပင်ရသေးဘူး’’ ဟု ဆိုသည်။ယနေ့ စီရင်ချက်ချမည့်အကြောင်း ရန်ကုန်တရားရုံးချုပ်က ယခုလ ၂၆ ရက်နေ့တွင် ကြိုတင်အသိပေး စာရင်းဖြင့် ကြေညာခဲ့သဖြင့် နေပြည်တော်သို့ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကျော်ဟိုးနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်တို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံခြင်း မပြုတော့သဖြင့် ပါတီတရားဝင်မှု ပျက်ပြယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းသို့ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ရှိခွင့် ရှိကြောင်း အယူခံတင်သွင်းမှုများ အဆင့်ဆင့်ပြုလုပ်ခဲ့သည်။ နေပြည်တော် တရားရုံးချုပ်ကလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ပယ်ချခဲ့ရာမှ အထူးအယူခံ ပြန်တင်ခဲ့သဖြင့် ပြန်လည်လက်ခံခဲ့ခြင်း ဖြစ်သည်။

NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်များက လွှတ်တော်ခေါ်ပေးခြင်း မရှိခဲ့ပါ။သို့သော် ၎င်းတို့ ဦးစီးကျင်းပခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ယခုလ ၃၁ ရက်နေ့တွင် လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပမည်ဟု ကြေညာခဲ့သည်။

2011.01.28

No comments:

Post a Comment